MY

ဒေတာအကြောင်း လေ့လာရန်

တစ်စုံတစ်ဦးက ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းတွင် ပူးပေါင်းပါဝင်လာသောအခါ ၎င်း၏ အချက်အလက်များကို ကျွန်ုပ်တို့ထံ ယုံကြည်စွာ အပ်နှံလိုက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အဆိုပါအချက်အလက်များကို ကာကွယ်စောင့်ရှောက်ရန် အထူးအလေးထားပြီး ၎င်းတို့ ရရှိနိုင်သော ကိုယ်ပိုင်အချက်အလက် လုံခြုံရေး တူးလ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအား အသိပညာပေးပါသည်။ ကျွန်ုပ်တို့သည် သုံးစွဲသူက ကျွန်ုပ်တို့ထံ ပေးအပ်ရန် ရွေးချယ်သော အချက်အလက်များနှင့် အက်ပ်ကို ဘေးကင်းလုံခြုံစွာ လည်ပတ်လုပ်ဆောင်နိုင်စေမည့်၊ သုံးစွဲသူ အတွေ့အကြုံကို တိုးတက်စေမည့် အချက်အလက်များကို စုစည်းရယူသည်။

ကျွန်ုပ်တို့ စုစည်းရယူသည်များ

လုပ်ငန်း ထုံးစံများနှင့်အညီ ကျွန်ုပ်တို့သည် သုံးစွဲသူက ကျွန်ုပ်တို့ထံ ပေးအပ်ရန် ရွေးချယ်သော အချက်အလက်များနှင့် အက်ပ်ကို ဘေးကင်းလုံခြုံစွာ လည်ပတ်လုပ်ဆောင်နိုင်စေမည့်၊ သုံးစွဲသူ အတွေ့အကြုံကို တိုးတက်စေမည့် အချက်အလက်များကို စုစည်းရယူသည်။ ကျွန်ုပ်တို့၏ အက်ပ်နှင့် ဝက်ဘ်ဆိုက်တွင် ရရှိနိုင်သော ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒများတွင် အခြားအရာများအနက် ကျွန်ုပ်တို့ စုစည်းရယူသော အချက်အလက်အမျိုးအစားများနှင့် ၎င်းတို့ကို အသုံးပြုသည့် ရည်ရွယ်ချက်ကို ဖော်ပြထားသည်။ ဤစာရင်းသည် မပြည့်စုံသေးသောကြောင့် ပို၍အသေးစိတ်သိရှိရန်အတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒများကို ကိုးကားရန် အကြံပြုပါသည်၊ ဤသည်မှာ သင်ပေးအပ်သော အချက်အလက်များ အပါအဝင် ကျွန်ုပ်တို့ စုစည်းရယူနိုင်သော အချက်အလက်အမျိုးအစားများ၏ ဥပမာအချို့ ဖြစ်သည်-

  • သင်၏ ဖုန်းနံပါတ်၊ အသက်၊ သုံးစွဲသူအမည်၊ ဆိုရှယ်မီဒီယာ အကောင့် အချက်အလက်များနှင့် ပရိုဖိုင်ပုံတို့ကဲ့သော အကောင့်ကို စီစဉ်သတ်မှတ်ရာတွင် သင် ပေးအပ်သော အချက်အလက်များ။
  • သင်က ဖန်တီးရန် သို့မဟုတ် ပလက်ဖောင်းသို့ အပ်လုဒ်တင်ရန် ရွေးချယ်သော မှတ်ချက်များ၊ ဓာတ်ပုံများ၊ တိုက်ရိုက်လွှင့်မှုများ၊ အသံဖိုင်များ၊ ဗီဒီယိုများ၊ စာသားနှင့် ဟက်ရှ်တဂ်တို့အပါအဝင် သုံးစွဲသူဖန်တီးသည့် အကြောင်းအရာ
  • သင့်ခွင့်ပြုချက်အရ သင့်ဖုန်းနှင့် ဆိုရှယ်မီဒီယာ အဆက်အသွယ်များ။
  • သုံးစွဲသူက TikTok အား စက်၏ တည်နေရာဝန်ဆောင်မှုများကို အသုံးပြုခွင့်ပေးနိုင်သော၊ အသုံးပြုခွင့်ပေးသော ဒေသများတွင် TikTok သည် အဆိုပါစက်လုပ်ဆောင်ချက်မှတစ်ဆင့် တည်နေရာအချက်အလက်များကို စုဆောင်းရယူသည်။ စက်၏ တည်နေရာ ဝန်ဆောင်မှုများမှတစ်ဆင့် ရယူခဲ့သော ထိုတည်နေရာ အချက်အလက်များသည် GPS၊ ဖုန်းတာဝါတိုင် အချက်အလက်များနှင့် အများသုံး Wi-Fi ဟော့စပေါ့များပါဝင်သည့် ဒေတာများကို အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့ စုစည်းရယူနိုင်သော တည်နေရာ အချက်အလက်များဆိုင်ရာ အချက်အလက်များအတွက် ဤအကူအညီ စင်တာ ဆောင်းပါးကို ဖတ်ရှုပါ။
  • အက်ပ်အတွင်း ရှာဖွေလေ့လာခြင်းနှင့် ရှာဖွေမှုမှတ်တမ်းအပါအဝင် နည်းပညာဆိုင်ရာနှင့် အပြုအမူဆိုင်ရာ အချက်အလက်များ။
  • စက်၏ မော်ဒယ်၊ လည်ပတ်လုပ်ဆောင်မှုစနစ်၊ ဒေသစံတော်ချိန်နှင့် ဘာသာစကားကဲ့သို့ စက် ဆက်တင်များအပါအဝင် ပလက်ဖောင်းသို့ ဝင်ရောက်သုံးစွဲရန် အသုံးပြုသည့် စက်၏ အချက်အလက်များ။
  • IP လိပ်စာနှင့် မိုဘိုင်း ကုမ္ပဏီအချက်အလက်များအပါအဝင် ကွန်ရက်အချက်အလက်များ။


လက်ရှိ TikTok အက်ပ် ဗားရှင်းတွင် စုစည်းရယူခြင်း မရှိသည်များ
  • Mac လိပ်စာများ၊ WIFI SSID၊ IMEI သို့မဟုတ် SIM အမှတ်စဉ်နံပါတ်။
  • မျက်နှာ ID၊ လက်ဗွေ ID နှင့် လူတစ်ဦးကို သီးသန့် ခွဲခြားဖော်ထုတ်နိုင်မည့် မျက်နှာဆိုင်ရာ၊ ခန္ဓာကိုယ်ဆိုင်ရာ သို့မဟုတ် အသံဆိုင်ရာ အချက်အလက်များ။
  • သာမန် အက်ပ် လုပ်ဆောင်မှုများအတွင်း ဖုန်းအခြေစိုက်စခန်း ID၊ SMS၊ အီးမေးလ်နှင့် အသံမေးလ်အကြောင်းအရာ။



အသုံးပြုသူ ဒေတာ သိုလှောင်မှုနှင့် ဝင်သုံးခွင့်

ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့ နှစ်သက်သောအရာကို ယုံကြည်ချက်ရှိရှိ လေ့လာ၊ ကြည့်ရှု၊ ဖန်တီးပြီး မျှဝေနိုင်ရန်အတွက် ဒေတာများကို ကာကွယ်ပေးထားကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် လူများ၊ လုပ်ငန်းစဉ်များနှင့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံပါသည်။ သင့်ဒေတာများနှင့်ပတ်သက်ပါက ကျွန်ုပ်တို့၏ လုပ်ငန်းနှင့် ဝန်ဆောင်မှုကို လည်ပတ်နိုင်စေမည့် ယင်းဒေတာကို လိုအပ်သူများကသာ ဝင်သုံးခွင့်ရကြောင်း သေချာစေရန်အတွက် ကျွန်ုပ်တို့သည် ထိန်းချုပ်မှုများ၊ ကာကွယ်မှုများနှင့် ခွင့်ပြုချက်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းမြောက်မြားစွာတို့ကို အသုံးပြုပါသည်။


အမေရိကန်ပြည်ထောင်စုတွင် ကျွန်ုပ်တို့၏ အားထုတ်မှုများ

သင်သည် ယနေ့ TikTok တွင် ပါဝင်ပြီး အမေရိကန်ပြည်ထောင်စုရှိ အသုံးပြုသူတစ်ဦး ဖြစ်ပါက သင်၏ ကာကွယ်ထားသောဒေတာကို အမေရိကန်ပြည်ထောင်စုရှိ Oracle Cloud အဆောက်အအုံတွင် အလိုအလျောက် သိမ်းဆည်းပါသည်၊ ယင်းအဆောက်အအုံမှာ အမေရိကန်ပြည်ထောင်စုရှိ သုံးစွဲသူ ဒေတာကို ကာကွယ်ရန် ကျွန်ုပ်တို့ စီစဉ်ထားသော လုံခြုံသည့်နေရာဖြစ်သည်။ ကာကွယ်ထားသော ဒေတာအကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာနိုင်သည်။ ဤဒေတာ ဝင်သုံးခွင့်ကို TikTok အမေရိကန်ပြည်ထောင်စု ဒေတာလုံခြုံရေး (USDS) ဟုခေါ်သည့် စိစစ်အတည်ပြုထား၍ ခွင့်ပြုချက် ရရှိထားသော အဖွဲ့အစည်းက စီမံခန့်ခွဲသည်။ (လုပ်ငန်း မက်ထရစ်များ သို့မဟုတ် အများပြည်သူ ဘေးကင်းရေးကဲ့သို့) USDS ပြင်ပရှိ ဝင်သုံးခွင့်တိုင်းကို ပြင်ပရှိ ယုံကြည်ရသော နည်းပညာမိတ်ဖက်တစ်ဦးက စည်းကမ်းလိုက်နာမှုရှိစေရန် စောင့်ကြည့်ပါမည်။ USDS အကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာနိုင်သည်


ဥရောပ စီးပွားရေးဧရိယာ၊ ယူကေနှင့် ဆွစ်ဇာလန်တစ်လွှားရှိ ကျွန်ုပ်တို့၏ အားထုတ်မှုများ

ကျွန်ုပ်တို့သည် 2021 ခုနှစ်တွင် ရေးဆွဲခဲ့သည့် ဒေတာ စီမံအုပ်ချုပ်ရေး ဗျူဟာကို ဆက်လက်၍ တိုးမြှင့်လုပ်ဆောင်နေပါသည်။ ဤဗျူဟာသည် ဒေတာကို ဒေသတွင်း သိမ်းဆည်းခြင်း၊ ဒေသပြင်ပသို့ ဒေတာလွှဲပြောင်းမှုများကို အနည်းဆုံးဖြစ်အောင်လုပ်ခြင်းနှင့် TikTok သုံးစွဲသူ ဒေတာကို ဝန်ထမ်းများ ဝင်သုံးခွင့်အား ထပ်မံလျှော့ချခြင်းဆိုင်ရာ စည်းမျဉ်းများပေါ် အခြေခံသည်။

Project Clover သည် စွန့်ဦးလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ၎င်းမှတစ်ဆင့် ကျွန်ုပ်တို့သည် ဒေတာလုံခြုံရေးနှင့်ပတ်သက်ပါက လုပ်ငန်းစံနှုန်းများနှင့် ကိုက်ညီအောင်လုပ်ခြင်းမှစ၍ စံနှုန်းအသစ်တစ်ခု ချမှတ်ခြင်းအထိ ကျွန်ုပ်တို့၏ ချဉ်းကပ်နည်းနှင့် လုပ်ဆောင်ချက်ကို ပိုမိုခိုင်မြဲအားကောင်းစေရန် ရည်ရွယ်လုပ်ဆောင်သည်။



ဗီဒီယိုများကို သင့်အတွက် ကျွန်ုပ်တို့ အကြံပြုပုံ

သင်က TikTok ကို ဖွင့်ပြီး သင်၏ "သင့်အတွက်" သတင်းစဉ်သို့ ဝင်ရောက်လိုက်သောအခါ သင်၏ စိတ်ဝင်စားမှုများအရ စီစဉ်ရွေးချယ်ပေးထားသော ဗီဒီယိုတစ်သီကြီးကို ပြသပေးသဖြင့် သင်နှစ်သက်သော အကြောင်းအရာများနှင့် ဖန်တီးရှင်များကို အလွယ်တကူ ရှာဖွေနိုင်သည်။ သုံးစွဲသူတစ်ဦးချင်းက စိတ်ဝင်စားနိုင်ရှိသော အကြောင်းအရာကို ယင်းသုံးစွဲသူထံ ပေးပို့သည့် အကြံပြုစနစ်ဖြင့် ဤသတင်းစဉ်ကို လည်ပတ်လုပ်ဆောင်သည်။ လူပေါင်းစုံသည် တူညီသော ထင်ရှားသည့် ဗီဒီယိုအချို့ကို တွေ့ရှိနိုင်သော်လည်း TikTok ၏ ပဥ္စလက်ဆန်သော အပိုင်းမှာ တစ်ခုတည်းသော "သင့်အတွက်" သတင်းစဉ်ဟူ၍ မရှိပါ၊ လူတိုင်း၏ သတင်းစဉ်သည် တစ်မူထူးခြားပြီး တစ်ဦးချင်းစီအတွက် သီးသန့်ဖန်တီးထားခြင်း ဖြစ်သည်။

TikTok ၏ ဗီဒီယိုများ အကြံပြုပြသပေးနည်းအကြောင်းကို ဤနေရာတွင် ပိုမိုလေ့လာနိုင်သည်။

OSZAR »